About SERVIR SEA

မြန်မာ

Lower Mekong

SERVIR-Mekong အဖွဲ့သည် မဲခေါင်အောက်ပိုင်း ဒေသ ၅ နိုင်ငံကို အကူအညီများ ပေးရန် ဒေသတွင်းမှ ဦးဆောင်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အကူအညီမှာ ကမ္ဘာမြေလေ့လာရေးဂြိုဟ်တု နှင့် နယ်နိမိတ်သတ်မှတ်ခြင်းဆိုင်ရာ နည်းပညာတို့မှ ပံ့ပိုးပေးသော  အချက်အလက်များကို အသုံးချကာ ရာသီဥတု ဖောက်ပြန်မှုဆိုင်ရာ အခြေအနေများကို စီမံကွပ်ကဲနိုင်စေရန် ဖြစ်သည်။ အကူအညီ ရရှိမည့် နိုင်ငံများမှာ ကမ္ဗောဒီးယား၊ လာအို ပီဒီအာ၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ဖြစ်သည်။

လုပ်ငန်းအဖွဲ့ အဓိက ရည်ရွယ်သည်မှာ စာရွက်စာတမ်း အချက်အလက်များဖြစ်သော သုတေသန စာတမ်းများ၊ မှတ်တမ်းနှင့် ရှာဖွေတွေ့ရှိချက်များအား အဖွဲ့ဝင်နိုင်ငံများ၏ မူရင်းဘာသာစကားများဖြင့် တတ်နိုင်သမျှ များများ ထုတ်ဝေရန်ဖြစ်သည်။ အောက်တွင်ဖော်ပြထားသော SERVIR-Mekong ၀က်ဘ်ဆိုက်၏ ဘာသာစကားဆိုင်ရာ လမ်းညွှန်မှတဆင့် သက်ဆိုင်ရာ စာမျက်နှာ (သို့) စာရွက်စာတမ်းများအား မိမိတို့၏ ဘာသာစကားသို့ ဘာသာပြန်ဆိုပြီး၊ မပြီး သိရှိနိုင်မည် ဖြစ်သည်။

မိမိတို့၏ ဘာသာစကားကို ရှာဖွေရန်။

  1. မူလစာမျက်နှာ

    ဘာသာစကားဆိုင်ရာ လင့်ခ်များကို ဤဝက်ဘ်ဆိုက်၏ မူလစာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းလင့်ခ်များမှ တဆင့် အဖွဲ့ဝင်နိုင်ငံ အသီးသီး၏ ဘာသာစကား မိတ်ဆက်စာမျက်နှာ (ယခု ဖတ်ရှုနေသော စာမျက်နှာ) သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ဘာသာစကားဖြင့် ဖော်ပြထားသော စာမျက်နှာပါ အကြောင်းအရာ အနှစ်ချုပ်များကို “ဘာသာစကား မိတ်ဆက်” စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်မည် ဖြစ်သည်။ 
    Home Page
    Figure 1: Language Links on the Home page.
  2. ထုတ်ဝေပြီးသော အကြောင်းအရာ

    ၀က်ဘ်ဆိုက်တခုလုံးရှိ ခေါင်းစဉ်များ ဖော်ပြရာတွင် (ဥပမာ- သတင်း၊ ဖြစ်စဉ်၊ ထုတ်ဝေမှု၊ တန်ဆာပလာ၊ နယ်နိမိတ်ဆိုင်ရာ အချက်အလက်များ၊ စသဖြင့်) သက်ဆိုင်ရာ ဘာသာစကားဖြင့် အချက်အလက် စာရွက်စာတမ်းများ ရှိပါက၊ ၄င်းတို့ကို ဘာသာစကားလင့်ခ်များ အဖြစ် ခေါင်းစဉ်စုစည်းမှုတွင် ဖော်ပြထားမည် ဖြစ်သည်။ အောက်တွင် ဥပမာ ဖော်ပြထားသည်။
    Language Menu on Lists
    Figure 2: Language links will appear in lists if translations are available.

    ၀က်ဘ်ဆိုက်ပေါ်ရှိ အကြောင်းအရာဆိုင်ရာ စာမျက်နှာတခုလုံးကို ကြည့်ရှုပါက၊ ခေါင်းစဉ်၏အထက်တွင် ဘာသာစကား စာရင်းကို မြင်ရမည်ဖြစ်သည်။ ၄င်းမှတဆင့် ဤအကြောင်းအရာသည် မည်သည် ့ဘာသာစကားကို ပြန်ဆိုထားပြီးကြောင်း သိရှိနိုင်မည် ဖြစ်သည်။ အောက်တွင် ဥပမာ ဖော်ပြထားသည်။ 
    Language Menu on Pages
    Figure 3: Language links will appear above titles if translations are available.
  3. ဖိုင်အဖြစ် တွဲလျက်

    ဤစာမျက်နှာပေါ်တွင် အကြောင်းအရာနှင့် တွဲထားသော စာပိုဒ်များ ဘာသာမပြန်ရသေးပဲ ပါရှိလာပါကလည်း (သတင်း၊ ဖြစ်စဉ်၊ ထုတ်ဝေမှု၊ တန်ဆာပလာ၊ စသဖြင့်)၊ ၄င်းစာပိုဒ်များ (သို့) စာရွက်စာတမ်းများအား သက်ဆိုင်ရာ နိုင်ငံ၏ ဘာသာစကားဖြင့် ပြန်ဆိုဖော်ပြပေးနိုင်သည်။ ၄င်းစာရွက်စာတမ်းများအား “တွဲထားသောစာတမ်းများ” နေရာတွင် ဖော်ပြပေးမည် ဖြစ်ပြီး၊ ၀က်ဘ်ဆိုက်မှတဆင့် ဒေါင်းလုပ် လုပ်ယူနိုင်မည် ဖြစ်သည်။ ဘာသာစကား ဖော်ပြချက်ကို အောက်ပါအတိုင်း နာမည်ရေးထိုးထားမည် ဖြစ်သည်။ 
    Attachments
    Figure 4: Translated documents may also be attached to content pages on the site.