About SERVIR SEA

THE SERVIR SEA စီမံကိန်း

ကမ္ဘာကြီးသည် ထင်မှှတ်ထားသော ပမာဏဖြင့် တဖြည်းဖြည်း ပူနွေးလာပြီး ပင်လယ် ရေမျက်နှာပြင်များမြင့်တက်ခြင်း၊ ရေဘေးနှင့်မိုးခေါင်ဘေးများ ပိုမိုဖြစ်ပွားလာပြီး ဂေဟစနစ် ဆိုးရွားစွာ ပြောင်းလဲလာခဲ့ပါသည်။

ယခုမေးခွန်းထုတ်ရမှာက - ကျွနု်ပ်တို့ဘာလုပ်ပေးနိုင်မလဲ၊၊ ဒီကမ္ဘာကြီးတစ်ခုလုံးရဲ့ ကျန်းမာသန်စွမ်းရေးကို ဘယ်လို ခြေရာခံစောင့်ကြည့်မလဲ၊ ဘယ်လို တိုးတက်အောင် ဆောင်ရွက်နိုင်ကြမလဲ၊၊

ပထမဆုံး မိုးလေဝသဂြိုလ်တု လွှင့်တင်နိုင်ခဲ့သည့် အချိန်မှစ၍ လူသားများသည် ကမ္ဘာ ဂြိုလ်ကြီးတွင် ဘာတွေဖြစ်နေသလဲဆိုသည်ကို နားလည်သဘောပေါက်ရန် အာကာသ မြင်ကွင်းမှ ကြည့်နိုင်ခဲ့ပြီး အကျိုးကျေးဇူး ဖြစ်ထွန်းလာခဲ့သည်မှာ နှစ်ပေါင်း (၅၀)ကျော် ကြားမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ကမ္ဘာပတ်ဂြိုလ်များနှင့် အခြားသော နည်းပညာ တိုးတက်မှုများ သည် သိပ္ပံပညာရှင်များအား ကျွနု်ပ်တို့၏ ကမ္ဘာဂြိုလ်နှင့် ၄င်း၏ရာသီဥတုနှင့် ဆက်စပ်နေ သည့် သတင်းအချက်အလက် ပုံစံမျိုးစုံကို စုစည်းရယူနိုင်ခဲ့ပြီး ခြုံငုံသုံးသပ် လေ့လာခွင့်ရရှိခဲ့ ပေသည်။ နှစ်ပေါင်းများစွာ စုစည်းရယူခဲ့သော အဆိုပါ အချက်အလက်များသည် ကမ္ဘာသူ ကမ္ဘာသားများအား ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ထိခိုက်မှုများကို လိုက်လျော ညီထွေပြုပြင်ပြောင်းလဲ နေထိုင်လျက် ဘေးအန္တရာယ်ကို ကြံ့ကြံ့ခိုင်နိုင်စွမ်း တည်ဆောက် လာနိုင်မည် ဖြစ်ပါသည်။

About SERVIR-Mekong

အမေရိကန်ပြည်ထောင်စု အမျိုးသားလေကြောင်းနှင့် အာကာသအေဂျင်စီ (NASA)၊ အမေရိကန်ပြည်ထောင်စု အပြည်ပြဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAD) တို့နှင့် ထူးြခားစွာ ပူးပေါင်းဆောင်ရွက်၍ (SERVIR – SEA)သည် အာကာသနည်းပညာနှင့် လွတ်လပ်ပွင့်လင်းစွာရနိုင်သော သတင်းအချက်အလက် (Open Data) တို့၏ စွမ်းအားကို အသုံးချ၍ အဆိုးရွားဆုံး ပတ်၀န်းကျင်ဆိုင်ရာ အခက်အခဲ အကြပ်အတည်းများကို ကူညီ ဖြေရှင်းဆောင်ရွက်မည် ဖြစ်ပါသည်။

၂၀၁၄ မှ ၂၀၁၉ ခုနှစ်အထိ (၅)နှစ်တာကြာမြင့်မည့်      

ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘူမိ-အာကာသ အချက်အလက်များအစီအစဉ် ” ဖြင့် SERVIR   SEA သည် ရာသီဥတုဆိုင်ရာ အန္တရာယ်များကို စီမံခန့်ခွဲနိုင်ရန် မဲခေါင်မြစ်၀ှမ်း အောက်ပိုင်းဒေသကို ကမ္ဘာမြေ စောင့်ကြည့် လေ့လာရေးဂြိုလ်တုများမှ ပေးပို့သော သတင်းအချက်အလက်များနှင့် ဘူမိ-အာကာသ နည်းပညာများဖြင့် ကူညီပံ့့ပိုးနိုင်ရန် ဒေသတွင်း ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်နေသည့် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် မိတ်ဘက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤ မဲခေါင်မြစ်၀ှမ်း အောက်ပိုင်းဒေသတွင် ကမ္ဘောဒီးယား၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ပါ၀င်ပါသည်။

SERVIR – SEA ၏ ဆောင်ရွက်ချက်များသည် အောက်ဖော်ပြပါ ဦးတည်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ရန် စီစဉ်ထားပါသည် - 

        (၁)    အစိုးရဘက်မှ အဆုံးအဖြတ်ပေးမည့်သူများနှင့် အဓိက အရပ်ဖက်လူမှုအဖွဲ့များအား ၄င်းတို့၏ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အစီအစဉ်ရေးဆွဲခြင်း နှင့် ဆက်သွယ်ဆောင်ရွက် ခြင်း လုပ်ငန်းစဉ်များတွင် ဘူမိ-အာကာသသတင်းအချက်အလက်များ ပေါင်းစပ်နိုင်ရေး အတွက် နည်းပညာစွမ်းရည် တည်ဆောက်ခြင်းဖြင့် ယင်းနယ်ပယ်ဆိုင်ရာ အဖွဲ့အစည်း များ ဖွဲ့စည်းဆောင်ရွက်နိုင်လာစေရန်၊

        (၂)     သုံးစွဲသူ အဆင်ပြေစေမည့် ဘူမိ-အာကာသအချက်အလက်များ၊ ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများ မျှ‌ေ၀သုံးစွဲမှု တိုးမြှင့်နိုင်ရန်၊

        (၃)    လက်တွေ့နယ်ပယ်တွင် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် အရည် အသွေးမြင့် အသုံးပြုသူ စိတ်၀င်စားမှုရှိစေမည့် အချက်အလက်အသစ်များ၊ နည်းစနစ် များ၊ လုပ်ငန်းသုံးပရိုဂရမ်များနှင့် မိုဒယ်သစ်များ ရေးဆွဲထုတ်လုပ်နိုင်ရန်၊

        (၄)    SERVIR   SEA ဗဟိုဌာနသည် ဘူမိ-အာကာသအချက်အလက်များ၊ လေ့လာ သုံးသပ်ချက်များနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ဝန်ဆောင်မှုများအတွက် ဒေသဆိုင်ရာ အထောက်အကူပြု ဌာနအဖြစ် ခိုင်မာတောင့်တင်းလာစေရန်။

                SERVIR  SEA အား အဓိက အကောင်အထည်ဖော်ေဆာင်ရွက်မည့် အဖွဲ့မှာ အာရှဒေသ၏ ဘေးအန္တရာယ်ခုခံနိုင်စွမ်း ခိုင်မာအားဖြည့်ရေးတွင် ဦးဆောင်ဦးရွက်ပြု အဖွဲ့အဖြစ် အသိအမှတ်ပြုထားသော အာရှဒေသ သဘာဝဘေး ကြိုတင်ပြင်ဆင်ရေး ဌာန(ADPC) အစည်း(၃)ဖွဲ့မှာ-

                -       အာကာသသတင်းအချက်အလက်အဖွဲ့ - Spatial Informatics Group (SIG)

                -       စတော့ဟုမ်း ပတ်ဝန်းကျင်သိပ္ပံ- Stockhom Environment Institute (SEG)

                -       Detarles အဖွဲ့တို့ ဖြစ်ပါသည်။

                အဆိုပါအဖွဲ့(၃)ဖွဲ့သည် SERVIR  SEA အစီအစဉ် အကောင်အထည်ဖော်မှုတွင် ကူညီပေးပြီး မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းဒေသ နိုင်ငံများအား ထူးခြားသော စွမ်းဆောင်နိုင်မှုအရည်အသွေးနှင့် ဝန်ဆောင်မှုများ ရရှိစေမည်ဖြစ်သည်။